Install GRUB manually for Linux Mint

Wednesday , 6, December 2017 Leave a comment

Ubuntu Linux ဒါမှမဟုတ် သူ့ကို အခြေခံထားတဲ့ Linux Mint လိုမျိုး Linux OS တွေကို bootable USB ကနေ install လုပ်တဲ့အခါ insallation လုပ်ငန်းစဉ် ပြီးကာနီးလို့ GRUB bootloader ကို ထည့်တဲ့အခါကျမှ fail ဖြစ်တာမျိုး ကြုံဖူးမယ် ထင်ပါတယ်။

ကျွန်တော့ရဲ့ Gigabyte BRIX-PRO computer လေးထဲကို Linux Mint 17/18 ကို install လုပ်ဖို့ ကြိုးစားတုန်းကလည်း grub install fail ဖြစ်ပါတယ်။ Bootloader ထည့်လို့မရတဲ့အတွက် ကွန်ပျူတာကို reboot ပြန်လုပ်ရင်လည်း boot error ပဲ ပြနေပြီး Linux ထဲကို သွားလို့ မရပါဘူး။ ထူးဆန်းတာက Ubuntu နဲ့ Ubuntu Mate ကို install လုပ်တော့ အဆင်ပြေပါတယ်။ Linux Mint ကျမှ ပြသနာ တက်တာမျိုးပါ။

Linux Installer က Grub ကို install လုပ်မပေးနိုင်တဲ့အတွက် GRUB bootloader ကို ကိုယ့်ဘာသာ manual install လုပ်ဖို့ ကြိုးစားရပါတယ်။ Linux OS ကိုက hard disk ထဲကို install လုပ်ထားပြီးသား ဖြစ်တဲ့အတွက်၊ bootable Linux USB ကနေပဲ ပြန် boot လုပ်ပါတယ်။ Live Linux ထဲကိုရောက်သွားပြီ ဆိုတော့မှ terminal ကို ဖွင့်ပြီး manual install လုပ်၇တာဖြစ်ပါတယ်။

အခု ကျွန်တော်လုပ်မယ့် နည်းက Internet connection ရှိနေဖို့တော့ လိုပါတယ်။ ဒါကြောင့် USB ကနေ boot လုပ်တဲ့ Linux က WiFi/Ethernet တစ်ခုခုကိုတော့ သိထားပြီး connected ဖြစ်နေရမှာ ဖြစ်ပါတယ်။ Linux  terminal မှာ အောက်မှာ ပြထားတဲ့ command တွေကို တစ်ခုပြီးတစ်ခု run သွားပြီးတော့ GRUB ကို install လုပ်ပေးလိုက် ပါတယ်။

ပထမဆုံးက terminal မှာ root access ရဖို့အတွက်
sudo -i
လို့ ရိုက်ပြီး admin password ထည့်ပေးလိုက်ပါ။

ဒုတိယ အနေနဲ့ ကိုယ့်ရဲ့ Linux ရှိနေတဲ့ partition ကို မှတ်သားဖို့အတွက် fdisk  -l ကိုရိုက်ပြီး * လည်း ရှိနေတဲ့ bootable partition နံပါတ်ကို မှတ်သားထားပါ (ဥပမာ-dev/sda1)။

Partition ကို mount လုပ်ပါ။
mount /dev/sdXY /mnt
ဒီနေရာမှာ sdXY ဆိုတာ ခုနက အပေါ်မှာ မှတ်သားခဲ့တဲ့ partition number ဖြစ်ရပါမယ်။

ပြီးရင် အောက်မှာ ပြထားတဲ့ command တွေကို terminal မှာ တစ်ခုပြီးတစ်ခု run ပေးသွားပါ…
for i in /dev /dev/pts /proc /sys; do sudo mount -B $i /mnt$i; done
cp /mnt/etc/hosts /mnt/etc/hosts.old
cp /etc/hosts /mnt/etc/hosts
cp /etc/resolv.conf /mnt/etc/resolv.conf
chroot /mnt

ရှိထားပြီးသား ပြသနာတက်နေတဲ့ grub ကို ဖယ်ရှားဖို့ ဒါကို run ပါ…
apt-get purge grub-pc grub-common

Grub အသစ် ကို install လုပ်ပါမယ်။ (Internet connection ရှိဖို့ လိုပါတယ်)
apt-get install  grub-pc  grub-common

အောက်မှာပြထားသလိုမျိုး ပေါ်လာရင်လည်း စောစောက ကြည့်ထားခဲ့တဲ့ grub install လုပ်မယ့် * နဲ့ partition ကိုပဲ ရွေးပေးလိုက်ပါ။

နောက်ဆုံးအဆင့် အနေနဲ့ grub ကို update လုပ်ပေးပါမယ်
update-grub

ပြီးရင်တော့ chroot ကနေပြန်ထွက်ဖို့ Ctrl + D ကို နှိပ်ပါ။
Terminal ကနေ ထွက်ပြီးတော့ ကွန်ပျူတာကို reboot ပြန်လုပ်ကြည့်နိုင် ပါပြီ။

Please give us your valuable comment

Your email address will not be published. Required fields are marked *

This blog is kept spam free by WP-SpamFree.