More performance for IGPU with dual-channel memory

Monday , 17, July 2017 Leave a comment

ဒီနေ့ခေတ် Ultrabook laptop လေးတွေ ၀ယ်တဲ့အခါမှာ များသောအားဖြင့် graphic processor အနေနဲ့ သီးသန့် dedicated graphic processing unit (GPU) တွေ မပါပဲနဲ့ Intel CPU ထဲမှာ build-in ထည့်သွင်းထားတတ်တဲ့ IGPU လို့ ခေါ်တဲ့ Integreated GPU တွေပဲ ပါတာမျာါးတယ်။ ဥပမာ- Intel HD graphics 4000, 5000, Intel HD 520 တို့လို မျိုးပေါ့။

အဲဒီလို Integrated GPU (I-GPU) တွေသုံးထားတဲ့ laptop, ultrabook လေးတွေကို သုံးမယ်ဆိုရင် graphic performance က CPU အပေါ်မှာလည်း အများကြီး မူတည်နေသလို IGPU တွေမှာ သီးသန့် သူတို့အတွက် dedicated graphic memory မပါပဲနဲ့ main (system) memory ကနေပဲ share လုပ်ပြီး သုံးပါတယ။် တစ်နည်းပြောရရင် graphic memory ကို system memory ကနေပဲ မျှပြီးသုံးတာဖြစ်ပါတယ်။ Graphic software တွေနဲ့ 3G game တွေဟာ processor လုပ်ဆောင်ချက်အပြင် memory access လိုအပ်ချက် အလွန်များတယ် ဆိုတာ ကျွန်တော်တို့ သိထားပြီးဖြစ်ပါလိမ့်မယ်။ 3D rendering တွေ၊ transformation တွက်ချက်မှူတွေ အတွက် memory ကို မြန်မြန် ရေးဖတ် လုပ်နိုင်ဖို့ဟာလည်း အင်မတန် အရေးကြီးပါတယ်။
ဒါကြောင့် system memory ကို graphic memory အဖြစ် မျှသုံးရတဲ့ Integrated GPU တွေအတွက် lappet memory ကို စဉ်းစားမယ် ဆိုရင် dual-channel ကို စဉ်းစားသင့်ပါတယ်။ ဒါဟာ သတိမထားမိကြပေမယ့် graphic performance ကောင်းကောင်းရဖို့အတွက် အလွန်ပဲ အရေးကြီးပါတယ်။ Single channel နဲ့ dual channel memory နည်းပညာကို အလွယ်ဆုံး (အရိုးရှင်းဆုံး) နားလည်ဖို့ ဆိုရင်… Single channel ဆိုတာ memory module တစ်ခုပဲသုံးထားပြီး read/write ကို အဲဒီ module တစ်ခုထဲပေါ်မှာပဲ လုပ်တာဖြစ်ပါတယ်။ Dual-channel memory architecture ဆိုတာကတော့ memory module နှစ်ခု (memory card ၂ ခု) သုံးပြီး read/write ကို အဲဒီ module နှစ်ခု ပေါ်မှာ မျှပြီး လုပ်ဆောင်တာ ဖြစ်လို့ memory access rate ၂ ဆလောက် တက်လာပါတယ်။ Main system memory ကို grahic memory အဖြစ်မျှသုံးတဲ့ IGPU တွေအတွက် dual channel memory တပ်ထားရင် လုပ်ဆောင်ချက် သိသိသာသာတက်လာတာ တွေ့ရပါလိမ့်မယ်။

ဒါကြောင့် laptop, ultrabook ၀ယ်မယ် ဆိုရင် ကိုယ့်ရဲ့ computer မှာ dual channel လုပ်ဆောင်မှူ ပါမပါကြည့်ပါ။ တစ်ချို့ laptop တွေမှာ motherboard onboard မှာ memory အသေတပ်ထားပြီး နောက်ထပ် အပြင်ကနေ memory ထပ်ထည့်ဖို့ memory slot အပို ပါတတ်ပါတယ်။ အဲဒီလို laptop တွေမှာ ဆိုရင် သူ့မှာပါတဲ့ built-in memory တစ်ချောင်ပဲ သုံးတယ်ဆိုရင် single channel ဖြစ်နေတတ်ပီး နောက်ထပ် အမျိုးအစားတူ ၊ ပမာဏတူတဲ့ memory ထပ်ထည့်လိုက်မှ dual channel mode နဲ့ အလုပ်လုပ်ပါတယ်။ ဒါကို သေချာ လေ့လာပြီး သတိထား တပ်ဆင်သင့်ပါတယ်။ Dual channel ဖြစ်ဖို့ဆိုရင် တပ်ထားတဲ့ memory module ၂ ခုလုံးက same type, same capacity, same speed ဖြစ်ဖို့ လိုပါတယ်။ ဥပမာ- ပထမ တစ်ချောင်းက 4GB DDR3 တပ်ထားပြီး ထပ်ထည့်တဲ့ ဒုတိယ module က 8GB ဆိုရင် စုစုပေါင်း 12GB ရမှာ ဖြစ်ပေမယ့် single channel နဲ့ပဲ အလုပ်လုပ်ပါလိမ့်မယ်။ 4GB ၂ ချောင်း အတူတူထည့်ပြီး 2 x 4GB = 8GB ဆိုမှသာ dual-channel နဲ့ လုပ်ဆောင်မှာဖြစ်ပါတယ်။ ဒါဆိုရင် grahpic overall စွမ်းဆောင်ရည်လည်း တက်လာနိုင်ပါတယ်။ တစ်ချို့ IGPU game စမ်းသပ်မှူတွေမှာ ဆိုရင် ၃၀% ကနေ ၄၀% လောက်အထိ စွမ်းဆောင်ရည် တက်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါဟာ တစ်ကယ်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ ပမာဏ ဖြစ်ပါတယ်။

ဒါကြောင့် laptop, ultrabook လေးတွေနဲ့ Integrated GPU နဲ့ အလုပ်လုပ်မယ်ဆို၇င် ဖြစ်နိုင်ရင် dual-channel memory mode ရအောင် ဖန်တီးပြီး အလုပ်လုပ်တာဟာ စက်ချင်း အတူတူမှာ စွမ်းဆောင်ရည် ပိုကောင်းကောင်း ရနိုင်ပါလိမ့်လို့ ပြောချင်ပါတယ်။

Complete benchmark video (for above picture)

Please give us your valuable comment

Your email address will not be published. Required fields are marked *

This blog is kept spam free by WP-SpamFree.