Blog Archives

s

စင်ကာပူ မှာ ၈ နှစ်ကျော် ရှင်သန်ရပ်တည် နေရင်းနဲ့ အကြောင်းဖန်လာတော့ USA မှာ ဒိန်ခဲအသစ် ရှာဖို့အတွက် ၀င်္ကပါထဲကို ကျွန်တော် ထွက်လာခဲ့ပါတယ်။ အစပိုင်းမှာတော့ တစ်ကယ်ကိုပဲ ၀င်္ကပါထဲကို ထွက်ဖို့ကို တော်တော်စဉ်းစားရပါတယ်။ ကြောက်လည်း ကြောက်တာပေါ့နော်။ ဒါပေမယ့် နောက်ဆုံးမှာ ဘယ်လိုပဲဖြစ်ဖြစ် ၀င်္ကပါထဲကို ထွက်မယ်ကွာ လို့ ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ “But it is not good when you are afraid that it keeps you from doing anything.” “When You Move beyond Your Fear, You Feel Free” “What […]

ကျွန်တော် ကွန်ပျူတာတက္ကသိုလ် တက်နေတုန်း အချိန် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ကျွန်တော့အစ်ကို ၀မ်းကွဲ ကိုသော်တာ (ကိုပြည်မိုး) က ပြောဖူးတာလေး ရှိပါတယ်။ လူတွေရဲ့ သဘာဝ စိတ်ကိုက “အဝေးက မြက်ခင်း ပိုပြီး စိမ်းတတ်တယ်” တဲ့…။ အင်္ဂလိပ်လိုလည်း “The grass is always greener on the other side of the fence” ဆိုတဲ့ စကားလေးလည်း ရှိတယ်လေ။ သူ့ အတွေ့အကြုံတစ်ခုကိုလည်း ပြောပြပါတယ်။ သူက အဲဒီအချိန်တုန်းက နာမည်ကြီး ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာပေါ့။ သူ့ရဲ့ ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်ကလည်း တစ်ခြား နာမည်ကြီး ကုမ္ပဏီကြီး တစ်ခုမှာ လုပ်တာပေါ့လေ။ […]

ကျွန်တော် ၅ နှစ်ကျော်ကြာ အလုပ် လုပ်လာခဲ့သော I2R ကနေ ထွက်ကာနီးမျာ လုပ်ဖေါ်ကိုင်ဖက် သူငယ်ချင်းတွေကို သတိရမိလို့ ဖန်တီးထားတဲ့ အမှတ်တရ video လေးပါ…  

အသက် ၃၀ တွေကျော်လာပြီး လူလတ်ပိုင်းထဲကို ၀င်လာတဲ့ အချိန်မှာ ကျွန်တော့ ဘ၀အတွေ့အကြုံ တွေအရ တွေးမိတာလေး တစ်ခုက ဘုရား ၊တရား လုပ်တာ၊ စိတ်ထားတတ်မှုနဲ့ ကံတရား ကလည်း ကျွန်တော်တို့နေ့စဉ် ဘ၀တွေအတွက် ဘယ်လိုပဲ ဖြစ်ဖြစ် အရေးပါတယ်လို့ မြင်မိပါတယ်။ တစ်ချို့ (ဗုဒ္ဓဘာသာ အလိုအရဆိုရင်) အတိတ် ဘ၀က ကံကောင်းခဲ့တော့ ဒီဘ၀မှာ ကောင်းကောင်းနေရတယ်၊ ဘ၀မှာ ကောင်းတာတွေပဲ ဖြစ်တာလည်း ရှိတော့ရှီပါတယ်။ ဒါပေမယ့် လက်ရှိ ဘ၀မှာ နေထိုင် ရှင်သန်ရင်း ဘုရားတရားကို မမေ့တာ၊ ကောင်းတာလုပ်တာ၊ ကောင်းတဲ့စိတ်ကို တတ်နိုင်သမျှ များများ ထားတာ ဘ၀မှာ ကောင်းတာတွေ ဖြစ်စေတယ် ဆိုတာလည်း ကျွန်တော်ကတော့ လေးနက်စွာ ယုံကြည်မိပါတယ်။ […]

ချစ်စရာ ပုံလေးတွေကို ၂ ခုတွဲ စီ တွဲရတဲ့ Picture Matching Game လေးတစ်ခုကို ကစားချင်သူတွေ ကစားလို့ ရအောင် link လေးပေးထားပါတယ်။ ဘယ်ကနေ ရတယ်ဆိုတာ ကျွန်တော် ကိုယ်တိုင်လည်း မမှတ်မိ တော့ဘူး။ မြန်မာမှာ ကျောင်းတက်နေတုန်းကတော့ သူငယ်ချင်းတွေလည်း အတော်လေး စွဲတယ်ဗျ… ဒီ game လေးက student project ဆိုတော့ သိပ်တော့ ပြီးပြည့်စုံတာမဟုတ်ပါဘူး.. language ကလည်း ENG တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အပျင်းပြေ (အချိန်ဖြုန်း) ကစားလို့ ကောင်းပါတယ်… Download ယူလို့ရမယ့် link ကိုပေးထားပါတယ်…. Link to download Picture Matching Game… […]

ဒီ post လေးကတော့ ကျွန်တော့ဘ၀မှာ ပထမဆုံး အနောက်နိုင်ငံ ခရီးလည်းဖြစ်၊ တစ်ယောက်ထဲ သွားခဲ့ဖူးတဲ့ ခရီးရှည်ကြီးလို့လည်း ပြောလို့ရတဲ့ USA ခရီးတစ်ခု အကြောင်းကို တွေးမိတွေးရာ ရေးထားတာလေးပါ…။ ၂၀၁၀ ခုနှစ်၊ အခု လုပ်နေတဲ့ research အလုပ်ကို ၀င်ကာစ လောက်ပေါ့။ ကျွန်တော့ကို အလုပ်ကနေ conference တစ်ခု တက်ရမယ် ဆိုပြီး Chicago, USA ကို သွားခိုင်းပါတယ်။ တစ်ကယ်ဆိုရင် ကျွန်တော်က အဲလောက် အဝေးကြီး ကို အလုပ်ကိစ္စမျိုးနဲ့ သွားဖူးတာ မဟုတ်ပါဘူး။ ပြီးတော့ အလုပ်ကလည်း ၀င်ကာစ လပိုင်းလေးပဲ ရှိသေးတယ်လေ။ ဘာပဲဖြစ်ဖြစ် မရောက်ဖူးတဲ့ နေရာဒေသ ပါတ်ဝင်းကျင် အသစ်ကို အလုပ်က လိုအပ်လို့ သွားရမယ်ဆိုတော့လည်း စိတ်ဖိစီးမှု ရှိပေမယ့် စိတ်လည်း လှုပ်ရှားမိပါတယ်။ […]

ကျွန်တော်ကတော့ မန္တလေးကို ပြန်ရောက်တိုင်း သူ့အရပ်နဲ့သူ့ဇာတ် ဇာတ်လမ်းလေးတွေကို မကြာခဏ ကြားရပါတယ်။ ရီစရာ၊ သဘောကျစရာလည်းကောင်းပါတယ်။ ဟိုတစ်နေ့က မန်းလေးက ကျွန်တော့ ညီဖြစ်သူ EC engineer က မြို့ထဲက လျှပ်စစ်ပစ္စည်း ဆိုင်မှာ Heat Shrink လေးတွေ သွားရှာပါတယ်။ Heat Shrink ဆိုတာ ၀ါယာကြိုးကို စွပ်ပြီး အပူပေးလိုက်ရင် ကျုံ့သွား၊ ရှုံ့သွားတဲ့ ရာဘာ အစွပ်လေးတွေ ကိုခေါ်တာပါ။ အဲဒါ ဆိုင်ကိုရောက်တော့ heat shrink ဆိုပြီး မေးတာ ကို မသိဘူးဖြစ်နေပါတယ်… သူကလည်း ပုံမှန်အတိုင်း heat shrink ဆိုပြီးသေချာ အသံထွက်ပြီး ပြောတာပေါ့နော်။ ဆိုင်ကလူတွေက မသိပဲနဲ့ ၀ါးတားတားဖြစ်နေပြီး ကျွန်တော့ ညီက လျှောက်ကြည့်ပြီး […]

အဆိုတော် “လေးလေးဝါး” ဆိုဖူးတဲ့ သီချင်းလေး တစ်ပုဒ်က စာသားလေးတွေကို အမှတ်ရမိတယ်… “ဖြူချင်ဖြူလည်း မဲလည်းမဲပေါ့ ဒို့ ငြိမ်းချမ်းစွာ ကွဲလွဲမယ်” တဲ့… လူတိုင်းမှာ အမြင်အမျိုးမျိုး၊ အကြိုက်အမျိုးမျိုး၊ စရိုက်အမျိုးမျိုး၊ အတွေးအခေါ် အမျိုးမျိုးရှိတာ ဆန်းတော့မဆန်းပါဘူး… တစ်ယောက်နဲ့ တစ်ယောက် တွေးပုံ ၊စဉ်းစားပုံ မတူတာလည်း သဘာဝပဲလေ…. ကိုယ်က ပန်းသီး ကြိုက်ပြီး၊ သူများက လိမ္မော်သီး ကြိုက်တာ ပြဿနာ မဟုတ်ပါဘူး။ ကိုယ့်အကြိုက်နဲ့ ကိုယ်ပဲဟာ… အဲ… ပြဿနာက ဘယ်အချိန်မှာ စလည်း ဆိုတော့… ကိုယ်မကြိုက်တာနဲ့ပဲ လိမ္မော်သီး ကြိုက်တဲ့ သူကို ပစ်တင်ရှုတ်ချတာ၊ လှောင်ပြောင်တာ လုပ်ပြီဆိုရင်လည်း မကောင်းတော့ဘူး…. ကိုယ်မကြိုက်တာနဲ့ပဲ… အဲဒါ မစားနဲ့၊ ကောင်းတာလည်း မဟုတ်ဘူး၊ ပန်းသီးပဲ […]

(Copied from Internet. Credit to original creator of this picture)

“မလုပ်ချင်တဲ့သူအတွက် ၊ မဖြစ်နိုင်တဲ့ အကြောင်းပြချက်တွေက အများကြီးပဲ” တဲ့…။ အဲဒီစကားစု လေးက တစ်ချို့ လူတွေ အတွက် အတော်ကို မှန်သလိုပဲနော်။ စင်ကာပူ ဆိုတာ လျှပ်စစ်မီး ဆိုရင် ခလုတ်ဖွင့်ရင် အမြဲလာနေတာ၊ မီးအားကအပြည့်၊ ရေဆိုတာ ပိုက်ခေါင်းဖွင့်လိုက်ရင် အမြဲလာတယ်၊ အဲဒီရေကလည်း သောက်မယ်ဆို သောက်လို့တောင် ရတယ်၊ ညအိပ်ရင် ခြင်ထောင် ထောင်စရာမလိုဘူး…. စသည်ဖြင့် စလုံး နဲ့ မြန်မာနဲ့ နှိုင်းယှဉ်တာတွေ ရှိတော့ မြန်မာ အစိုးရဘက်တော်သား တွေက ပြောတယ်တဲ့… စင်ကာပူက သေးသေးလေးဆိုတော့ စီမံခန့်ခွဲရတာ အရမ်းလွယ်တာကိုး။ မြန်မာက အကျယ်ကြီး။ တိုင်းတွေ၊ ပြည်နယ်တွေ၊ မြို့၊ ရွာ တွေကလည်း များတော့ ကိုင်တွယ်ရတာ လွယ်မှမလွယ်တာ … […]